ပြင်ဦးလွင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ မြို့၊ ရွာလုံခြုံရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိ
PUBLISHED - August 9, 2024
နေပြည်တော်၊ ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ မြို့၊ ရွာလုံခြုံရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြင်ဦးလွင်မြို့နယ်ကို အကြမ်းဖက်သမားများက မကြာမီတိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် တပ်မတော်သားများ၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ မိသားစုဝင်များသည် ပြောင်းရွေ့နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ကောလာဟလသတင်းများ ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းသာဖြစ်ကြောင်း သိရှိရပြီး ဒေသတည်ငြိမ်အေး ချမ်းမှုပျက်ပြားစေရန်၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ စိတ်ဓာတ်ကျဆင်း စေရန်၊ ဒေသခံပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ပြင်ဦးလွင်မှာကတော့ အေးအေးချမ်းချမ်းပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့လုံခြုံရေးကို စစ်ဆေးဆောင် ရွက်နေတာပဲရှိပါတယ်။ အားလုံးကတော့ အေးအေးချမ်းချမ်းပါပဲ။ လိုင်းပေါ်က သတင်းတွေက ကောလာဟလ တွေပဲ ဖြစ်ပါတယ်။” ဟု ပြင်ဦးလွင်ရပ်ကွက်ကြီး (၁၉)နေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ မြို့၊ ရွာလုံခြုံရေးအတွက် စနစ်တကျဆောင် ရွက်လျက်ရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသော ကောလာဟလသတင်းများအား ပြည်သူများမယုံကြည်ကြရန်နှင့် ယင်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ ပုံမှန်သွားလာလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia