ပြင်ဦးလွင်မြို့နယ်တွင် PRADO ယာဉ်ပေါ်မှ သိန်း ၃၁၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
PUBLISHED - January 13, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် PRADO ယာဉ်ပေါ်မှ ကျပ်သိန်း ၃၁၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၆ နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ ပင်လိန်-ပွဲကောက်သွားလမ်းတွင် မော်တော်ယာဉ်များအား စစ် ဆေးရှာဖွေစဉ် လော်တား မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၁၅၀)၊ မြန်မာငွေကျပ် ၁.၆ သိန်းနှင့် လက် ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိုဖြစ်၍ လော်တား (၂၇) နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia