• Follow Us on
Latest News

Home ပြင်ဦးလွင်မြို့နယ်တွင် TOYOTA IPSUM ယာဉ်ပေါ်မှ ကျပ် ၂၇၅၇.၆ သိန်းတန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်တွင် TOYOTA IPSUM ယာဉ်ပေါ်မှ ကျပ် ၂၇၅၇.၆ သိန်းတန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၂၇၅၇.၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် နန်းဝင်းကျော် မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၂၉၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၅၇.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၆နာရီ ၄၅ အချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူး ပေါင်းပါဝင်သူ ထိန်လင်းအောင်(ခ)ရန်ပီဖူး အား ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၀၈၁၅ အချိန် လီရှင်းဖင်(ခ)ထွန်းထွန်း အား မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် BORGWARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် နန်းဝင်းကျော်(၃၁)နှစ်၊ နိုင်လင်းထွန်း(၃၆)နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး(၂၆)နှစ် နှင့် လီရှင်းဖင်(ခ) ထွန်း ထွန်း(၃၁)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post