• Follow Us on

Home ပြင်ဦးလွင်မြို့နယ်တွင် အဟောင်းပစ္စည်းများအတွင်းရောပါလာသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

ပြင်ဦးလွင်မြို့နယ်တွင် အဟောင်းပစ္စည်းများအတွင်းရောပါလာသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဩဂုတ် ၂

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ တိုးကြီးကုန်းကျေးရွာ၊ အောင်မြေပတ္တာမြားလမ်းတွင် အဟောင်း ပစ္စည်းများအတွင်း ရောပါလာသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က ပြင်ဦးလွင်မြို့နယ်၊ တိုးကြီးကုန်းကျေးရွာ၊ အောင်မြေ ပတ္တာမြားလမ်းနေ အဟောင်းပစ္စည်းရောင်းဝယ်ရေးဆိုင်အလုပ်သမားဖြစ်သူ ဦးအောင်မြင့်ဦး (၃၇) နှစ်သည် ၎င်း၏တဲအတွင်း အလုပ်လုပ်ကိုင်နေစဉ် အဟောင်းပစ္စည်းများအတွင်းရောပါလာသည့် PDF အကြမ်းဖက် သမားများပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post