ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်းတည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့်ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာဖိတ်ခေါ်

PUBLISHED - February 18, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest—EOI) တင်ပြရန် ဖိတ်ခေါ်လိုက်ကြောင်း ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိကဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေးကော်မတီမှ သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း ၊ Built-Operate-Transfer (BOT) ပုံစံဖြင့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်၍ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့်ကျောက်ကပ်ရောဂါ ကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ အထွေထွေရောဂါအထူးကုသမှု စသည်တို့အား ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေကာ ပြည်သူလူထုအတွက် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှု များ အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်ပိုင်မြေတွင် အထူးကုဘာသာရပ်များဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ် လိုသည့် နိုင်ငံသား ရင်းနှီးမြုပ်နှံသူများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာအား ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ Hard copy/Soft copy (Word file) များဖြင့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၂၃ရက်နေ့၊ ညနေ ၄နာရီ နောက်ဆုံးထား၍ အဆိုပြု လျှောက်ထားနိုင်ကြောင်း သိရသည်။
#PeopleMedia