ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ် (၂၆) တွင် ယာဉ် (၁) စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံး
PUBLISHED - September 22, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ်(၂၆)တွင် ယနေ့ နံနက် ၉ နာရီ ၃၅ အချိန်က ယာဉ် (၁) စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ်(၂၆)တွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လူ (၂) ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်ခရိုင်မီး သတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွား ရောက်ဆောင်ရွက်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၃၀ အချိန် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ယာဉ်မောင်း အမျိုးသား (၁)ဦး သေဆုံး၊ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia