• Follow Us on

Home ပြင်ဦးလွင်မြို့နယ်၌ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်၌ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ ၄၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက် သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ အရှေ့ပင်လိန်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာ ဖွေစဉ် စိုင်းဝင်းနိုင်(ခ)စိုင်းဝင်း မောင်းနှင်ပြီး စိုးအောင် လိုက်ပါလာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေး ချိန် ၂.၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းဝင်းနိုင် (ခ)စိုင်းဝင်း(၃၄)နှစ် နှင့် စိုးအောင်(၂၄)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထား ရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post