ပြင်ဦးလွင်မြို့နယ် မီးစက်ကြီးရေတံခွန်တွင် အမျိုးသား ၁ ဦး ရေနစ်သေဆုံး

PUBLISHED - August 28, 2023
နေပြည်တော်၊ သြဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးရှိ မီးစက်ကြီးရေတံခွန်တွင် ယနေ့ ၁၁ နာရီ ကျော်အချိန်က အမျိုးသား ၁ ဦး ရေနစ်သေးဆုံးခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးရှိ မီးစက်ကြီးရေတံခွန်တွင် အမျိုးသားတစ်ဦးရေနစ်ပျောက်ဆုံးနေ ကြောင်း သတင်းအရ မြို့နယ်မီးသတ်ဖွဲ့၊ ဖွံ့ဖြိုးဂရုဏာ(ဝက်ဝံ)၊ သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းတို့ ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ပျောက်ဆုံးခဲ့သော အမျိုးသား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီး ၎င်း၏ အလောင်းကို ပြင်ဦးလွင်မြို့ တပ်မတော်ခုတင် (၇၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia