• Follow Us on
Latest News

Home ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA/PDF များ ဖျက်ဆီးပိတ်ဆို့ထား သည့်နေရာ ၁၂ နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များကပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်

ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA/PDF များ ဖျက်ဆီးပိတ်ဆို့ထား သည့်နေရာ ၁၂ နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များကပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၁

 

TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းအပါအဝင် အကြမ်း ဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေ ရန် အလို့ငှာ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြု သွားလာလျက်ရှိသော လမ်းများအား ကန့်လန်ဖြတ်မြောင်းကြီးများ တူး၍ လမ်းအား ဖျက်ဆီးကာ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

 

ထိုသို့လုပ်ဆောင်ရာတွင် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူများသည် ပြင်ဦးလွင် – နောင်ချို – ကျောက်မဲ – လားရှိုး ပြည်ထောင်စုကားလမ်းမကြီး တစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင် အနီးတွင် ၁ နေရာ၊  လယ်ကျင်းကွေ့ကျေးရွာအနီးတွင် ၁ နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် ၁ နေရာ၊ ဂုတ်တွင်း ရှုခင်းသာ အနီးတစ်ဝိုက်တွင် ၁ နေရာ၊ နောင်ပစ်လမ်းခွဲ နေရာတွင် ၁ နေရာ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာ ကြားနေရာတစ်ဝိုက်တွင် ၇ နေရာတို့၌ မြေဖြတ်ကျင်း များတူး၍ လမ်းအားဖြတ်တောက် ပိတ်ဆို့ခြင်း၊ အချို့ နေရာများတွင်  သစ်ပင်ကြီးများ အား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှု ရပ်တန့်ခဲ့ရကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးကိစ္စများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့်နေရာများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက နိုဝင်ဘာ ၆ ရက်နေ့မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများအား တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင်  အကြမ်းဖက်သမားများ ပိတ်ဆို့ဖျက်ဆီးထား သည့် နေရာ ၁၂ နေရာတို့အား ပြန်လည်ဖယ်ရှားရှင်းလင်း ပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွား လာနိုင်ပြီးဖြစ်ကာ အဆိုပါ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကျန်ရှိသည့် နေရာများအားလည်း ပုံမှန် အတိုင်း  ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

#PeopleMedia


Share this post