• Follow Us on

Home ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၆) ဘီးယာဉ် ၁ စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မိရာမှ ယာဉ်မောင်းသေဆုံး

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၆) ဘီးယာဉ် ၁ စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်မိရာမှ ယာဉ်မောင်းသေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၂၁)မိုင်တွင် သြဂုတ်လ ၁၃ ရက် ညနေ ၅ နာရီ ၄၀ အချိန်ခန့်၊ Canter အဖြူရောင် (၆) ဘီးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်အား ဝင်ရောက်တိုက်မိရာမှ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။

 

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၂၁) မိုင်တွင် Canter အဖြူရောင် (၆) ဘီးယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်မောင်း(၁)ဦး ညပ် နေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရတနာပုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

 

ယာဉ်မောင်းအား ကားခေါင်းခန်းအတွင်း ညပ်နေရာမှ ကယ်ထုတ်ခဲ့ပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း အရေးပေါ် လူနာတင်ယာဉ်ဖြင့် မေမြို့ပြည်သူ့ဆေးရုံကြီးသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ခဲ့သော်လည်း လူနာ မှာ ဆေးရုံရောက်ခါနီးတွင် ဆုံးပါးသွားခဲ့ကြောင်းနှင့် ယာဉ်ပေါ်ပါ ဒဏ်ရာရသူ အမျိုးသား ၁ ဦးအား သီရိဎထန လူမှုကူညီရေးအသင်းမှ မန္တလေးသို့ပို့ဆောင်ကြောင်း သိရသည်။

 

#PeopleMedia


Share this post