ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် Light Truck ယာဉ် ၁ စီးလမ်းဘေးရှိ ချောက်အထဲသို့ထိုးကျတိမ်း မှောက်ပြီး အမျိုးသား ၃ ဦး သေဆုံး

PUBLISHED - November 24, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈/၄)မိုင်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ယနေ့ နံနက် ၈ နာရီက Light Truck ယာဉ် ၁ စီး လမ်းဘေးရှိ ချောက်အထဲသို့ ထိုး ကျတိမ်းမှောက်ပြီး အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေး(အုန်းချော)ထံမှ သိရသည်။
ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈/၄)မိုင်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် Light Truck ယာဉ် (၁) စီးသည် အဆင်းလမ်းညာဘက်ခြမ်းတွင်ရပ်ထားသော Saloon KIA Cerato (အနီ ရောင်)ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မီပြီး (၁၀) ပေခန့်အနက်ရှိ မြောင်းထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၆) ဦးနှင့် မ (၁) ဦး စုစုပေါင်း (၇) ဦးအနက် အမျိုးသား (၃) ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး ၁ ဦး(စိုးရိမ်ရ)နှင့် အမျိုးသား ၃ ဦး (မစိုး ရိမ်ရ)တို့အား စေတနာမွန်အုန်းချောလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ ဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia