• Follow Us on
Latest News

Home ပြစ်မှုကျူးလွန်ပါက ပြေးစရာမြေနေရာ မရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌမှာကြား

ပြစ်မှုကျူးလွန်ပါက ပြေးစရာမြေနေရာ မရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ရန် နစကဒုဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

ပြစ်မှုကျူးလွန်ပါက ပြေးစရာမြေနေရာ မရှိသည်အထိ တရားခံများကို နာရီမဆိုင်းဖော်ထုတ်ပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားလိုက်သည်။

 

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေး ထားဆက်လက် ဆောင်ရွက်သွားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ညီနောင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်နှင့်အတူ လက် တွဲပူးပေါင်းဆောင်ရွက်ရန် အလေးထား မှာကြားလိုကြောင်း၊ ထို့အပြင် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်း ဆောင်ရွက်ရေးဆိုသည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်ကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောသည်။

 

တရားဥပဒေစိုးမိုးရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး လုံခြုံတည်ငြိမ်မှု ရှိစေရေး ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ ဥပဒေဘက်တော်သား အဖွဲ့အစည်း များအပြင် မိမိတို့တာဝန်ကျရာ နယ်မြေအလိုက် ပြည်သူများနှင့်ပါ လက်တွဲ ပူးပေါင်းပြီး ပြစ်မှုကျူးလွန်မှု မရှိစေရေး၊ ပြစ်မှုကျူးလွန်ပါကလည်း ပြေးစရာမြေနေရာမရှိသည်အထိ တရားခံ များကို နာရီမဆိုင်းဖော်ထုတ်ပြီး ပြစ်မှုအလိုက် ထိရောက်သည့် ပြစ်ဒဏ်ကျခံ နိုင်ရေးတို့ကို လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံဆောင်ရွက်ကြရန်နှင့်  ပြည်သူအားလုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အထင်ကြီးလေးစား ဂုဏ်ယူရသည့် အဖွဲ့အစည်းဖြစ်စေရေး စစ်သည်အဆင့်မှ ဝန်ကြီးအဆုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကျောသားရင်သားမခွဲခြားဘဲ အဆင့်ဆင့် အုပ်ချုပ်ကွပ်ကဲကာ ပေးအပ်လာသည့် တာဝန်များကိုလည်း ကျေ ပွန်စွာထမ်းဆောင်ကြရန် အထူးတိုက်တွန်း မှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည်လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ အလေးထား ဆောင်ရွက်သွားကြရန်၊ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်း ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာ သမတ်ရှိမှုတို့နှင့် ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ပြည်သူ လူထု တစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးစား ဆောင်ရွက်သွားကြရန်တိုက်တွန်းပါကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြော ကြားသည်။

 

#PeopleMedia


Share this post