ပြစ်မှုပေါင်းများစွာနဲ့ တရုတ်အမျိုးသမီးတစ်ဦးနဲ့ မြန်မာအမျိုးသမီးတစ်ဦး ထိုင်းနိုင်ငံမှာဖမ်းမိ
PUBLISHED - August 21, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၁
ထိုင်းနိုင်ငံ ဘန်ကောက်၊ ပတ်သမ်ဌာနီနဲ့ ချွန်ဘူရီမြို့တွေမှာရှိတဲ့ နေရာ ၂၉ နေရာကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ဝင် ရောက်စီးနင်းပြီးနောက်မှာ လိမ်လည်မှု၊ ငွေကြေးခဝါချမှုအပါအဝင် ပြစ်မှုပေါင်းများစွာနဲ့ တရုတ်အမျိုးသမီးတစ် ဦးနဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။
တရုတ်အမျိုးသမီးဖန်းပေ့ဆိုင်ကို ဘန်ကောက်မြို့ လမ်ပီနီအရပ်မှာရှိတဲ့ ၎င်းရဲ့တိုက်ခန်းမှာ ဖမ်းဆီးမိခဲ့တာဖြစ် ကြောင်း ဆိုက်ဘာပြစ်မှုစုံစမ်းရေးဗျူရို (CCIB ) က ဒုတိယရဲချုပ် ဝိုရာဝတ်ဝတ္တနာခုန်ဘန်ချာက သြဂုတ်လ ၁၇ ရက်နေ့က ပြောပါတယ်။
၎င်းအနေနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုပူးပေါင်းကြံစည်မှု၊ လိမ်လည်မှု၊ ကွန်ပျူတာစနစ်တွေထဲကို သတင်း အချက်အလက် အမှားများထည့်သွင်းပြီး ငွေကြေးခဝါချမှုတွေနဲ့ တရားရင်ဆိုင်ရဖွယ်ရှိတယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ၎င်းနေထိုင်ရာနေရာ ၂၉ နေရာက ဘတ် ၃၆ သန်းတန်ရိုးရွက်ဇိမ်ခံကားတစ်စီး၊ အဲဖတ်ဒ်၊ မာစီ ဒီးဘန့်ဇ်နဲ့ ဘတ်ငွေ ၁.၅ ဘီလျံတန် အဆောက်အအုံငှားရမ်းခြင်းသဘောတူစာချုပ်များအပါအဝင် အမျိုးအမည် ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဖန်းပေ့ဆိုင်ဟာ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေအေးဂျင့်တစ်ဦးဖြစ်ပြီး ၎င်းရဲ့ဖောက်သည်အများစုဟာ တရုတ်လူမျိုး တွေဖြစ်ကြောင်း CCIB Division 3 က အကြီးအကဲ ရဲမှုူးချုပ်ဆသစ်ပရုမ်ဥူထိုင်းက ပြောပါတယ်။
အဲဒီတရုတ်အမျိုးသမီးနဲ့ ကြံရာပါတွေဟာ ၎င်းတို့ရဲ့ပစ်မှတ်သားကောင်တွေကို ဘယ်လိုချဉ်းကပ်လှည့်ဖျားမယ် ဆိုတာ တာဝန်ခွဲဝေထားကြောင်း ရဲမှူးချုပ်က ပြောပါတယ်။
၎င်းဟာ ၎င်းရဲ့သားကောင်တွေကို တရားမဝင်လုပ် ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခိုင်းခဲ့ကြောင်း ရဲမှူုးချုပ်က ပြောပါတယ်။
ဖြစ်စဉ်တစ်ခုမှာ အဆုတ်ခ်ရာမ ၉ နယ်မြေက ကွန်ဒိုမီနီယမ်တစ်ခုက အခန်းတစ်ခုအပါအဝင် ဘန်ကောက်က နေ ရာသုံးခုမှာ ရဲတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
အဲဒီလိုဝင်ရောက်ရှာဖွေရာမှာ ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံသူ အသက် ၂၄ နှစ်အရွယ် မိုးမိုးအေးဆိုသူကို ဖမ်းဆီးမိခဲ့ ပါတယ်။
မိုးမိုးအေးဟာ လိမ်လည်ရာမှာ ပူးပေါင်းကြံစည်မှု၊ ကွန်ပျူတာစနစ်ထဲကို သတင်းအချက်အလက် အမှားတွေ ထည့်သွင်းမှု၊ ငွေကြေးခဝါချမှု၊ ဆက်စပ်ပြစ်မှုတွေနဲ့ တရားစွဲခံရမှာဖြစ်ပါတယ်။
အဲဒီအခန်းကနေ ငွေသား ဘတ်ငွေ ၄.၄ သန်း၊ ဘဏ်စာအုပ် ၁၇ အုပ်နဲ့ အေတီအမ်ကတ် ၁၆ ခု သိမ်းဆည်းရမိ ခဲ့ပါတယ်။ တခြားနေရာနှစ်ခုကတော့ ဘာမှသိမ်းဆည်းရရှိခြင်းမရှိပါဘူး။
အဲဒီငွေကြေးတွေဟာ ဖုန်းနဲ့လိမ်ညာပြီး ရိုက်စားလုပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ပတ်သက်နေတယ်လို့ဆိုပါတယ်။ အဲဒီ ဂိုဏ်းသားတစ်ဦးဟာ တာ့ခ်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တစ်ဦးအယောင်ဆောင်ပြီး ပစ်မှတ်သားကောင်တွေကို ဖုန်း ကတစ်ဆင့်ငွေလွှဲပေးဖို့ လိမ်ညာခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။
စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ သိရတာကတော့ မိုးမိုးအေးဟာ အဲဒီဂိုဏ်းက ဘတ်ငွေ ၁၅ သန်းထုတ်ယူခဲ့တဲ့ အပြင် အခုနှစ် နှစ်စပိုင်းကစပြီး ဖမ်းမိတဲ့အချိန်အထိ ဘတ်ငွေ ၈၇ သန်း မိုးမိုးအေးအကောင့်ထဲကနေ ဖြတ် သန်းပို့ဆောင်သွားတယ်လို့ ဆိုပါတယ်။
Ref: Chinese realtor held in scam crackdown
#PeopleMedia