• Follow Us on
Latest News

Home ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းပြောကြား

ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy – RE) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

 

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လက်ရှိ နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ရုံ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂၇ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ရုံ စုစုပေါင်း တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိကြောင်း၊ အဆိုပါရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ ၁၂ရုံသည် ဓာတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့်ပျက်စီးခြင်း စသည်တို့ကြောင့် လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု ကျဆင်းလျက်ရှိနေပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy – RE) ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အထက်အကြီးအကဲကလည်း Renewable Energy – RE အလေးထား အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ပြောသည်။

 

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် လေးခု၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးခု၊ ပဲခူးတိုင်းဒေသကြီးတွင်တစ်ခု၊ ရှမ်းပြည်နယ်တွင်တစ်ခု စုစုပေါင်း တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း၊ ဆောက်ရွက်ဆဲ Hybrid (Gas Engine + Solar) စီမံကိန်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် တစ်ခုနှင့် မကွေးတိုင်းဒေသကြီး တွင်တစ်ခု  စုစုပေါင်းတပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ်ရှိကြောင်း၊ တည်ဆောက်ဆဲ ဆိုလာနှင့် Hybrid စီမံကိန်းများ၏ စုစုပေါင်း တပ်ဆင်အင်အားအနေဖြင့် ၁၀၂၆ မဂ္ဂါဝပ်ရှိပါကြောင်း၊ ယခုတည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် Hybrid (Gas Engine + Solar) စီမံကိန်းများ၏ မြေပြင် လုပ်ငန်းတိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post