• Follow Us on
Latest News

Home ပြည်ကြီးတံခွန်မြို့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ ဦးခေါင်းဒဏ်ရာရ

ပြည်ကြီးတံခွန်မြို့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ ဦးခေါင်းဒဏ်ရာရ

Share this post

နေပြည်တော်၊ မတ် ၂၅

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မတ်လ ၂၄ ရက် ည ၁၁ နာရီ ၃၀ အချိန်တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ ဦးခေါင်း၊ ဘယ်ဘက်လက်ညိုး နှင့် ညာလက်ကောက်ဝတ်တို့တွင် ဒဏ်ရာများရရှိသောကြောင့် ၎င်းကိုပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

“ဘယ်လိုဖြစ်ပြီး အခုတ်ခံရလည်းတော့ မသိဘူး။ လမ်းမှာအခုတ်ခံရတာ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။

 

အဆိုပါဓားခုတ်ခံရသည့် အမျိုးသားမှာ အသက်(၅၃) နှစ်အရွယ်ရှိပြီး ၎င်းမှာ မတ်လ ၂၅ ရက် နံနက်ခင်းအချိန်တွင် ဆေးရုံမှဆင်းသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post