ပြည်ကြီးတံခွန်မြို့နယ်တွင်Sun Shade ပေါ်သို့ လူ ၄ ဦး တက်ရောက်သန့်ရှင်းရေးပြုလုပ်ရာမှ ဓာတ်လိုက်ပြီး ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 17, 2023
နေပြည်တော်၊ သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၈)လမ်း၊ (၁၃၉)လမ်းထောင့်၊ (ဈ)ရပ်ကွက်၊ RC(၃) ထပ်တွင် ပထမထပ်ရှိ Sun Shade ပေါ်သို့ လူ ၄ဦး တက်ရောက်သန့်ရှင်းရေးပြုလုပ်ရာမှ ဓာတ်လိုက်ပြီး အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၁၆ရက်နေ့၊ နံနက် ၁၀နာရီ ၂၁ အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ (၆၈)လမ်း၊ (၁၃၉)လမ်းထောင့်၊ (ဈ)ရပ်ကွက်၊ RC(၃)ထပ်တွင် ပထမထပ်ရှိ Sun Shade ပေါ်သို့ သန့်ရှင်းရေးပြုလုပ်ရာမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ဦး စုစုပေါင်း ၄ဦးတို့ ဓါတ်လိုက်ပြီး အောက်သို့ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းနှင့်ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံး တို့အား လောကပါလလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
#PeopleMedia