ပြည်ကြီးတံခွန်မြို့နယ်တွင် မြေအောက်ရေကန်အတွင်းသို့ဆင်း၍ သစ်သားပြားများဖြုတ်ယူရာမှ အောက်ဆီဂျင် ပြတ်တောက်ပြီး အမျိုးသား ၂ ဦး သေဆုံး
PUBLISHED - August 18, 2023
နေပြည်တော်၊ သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၅၈(C) လမ်းတွင် သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ ၅ မိနစ်အချိန်က မြေအောက်ရေကန်အတွင်းသို့ဆင်း၍ သစ်သားပြားများဖြုတ်ယူ ရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၅၈(C)လမ်း၊ အကွက်အမှတ်(ဒဒ-၁၃)၊ (ဆ)ရပ်ကွက် တွင် ဆောက်လက်စအဆောက်အဦ၏ မြေအောက်ရေကန်အတွင်းသို့ ဆင်း၍ သစ်သားပြားများဖြုတ်ယူရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး သတိလစ်၍ ရေနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဆယ်ယူပေးခဲ့ပြီး ကျား(၂)ဦး(သေဆုံး)တို့အား လောကပါလလူမှုကူညီရေးအသင်းနှင့် ထာဝရတွဲလက် လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်(၂)စီးဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia