• Follow Us on
Latest News

Home ပြည်ကြီးတံခွန်မြို့နယ်တွင် CALDINA ယာဉ်ပေါ်မှ ကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ပြည်ကြီးတံခွန်မြို့နယ်တွင် CALDINA ယာဉ်ပေါ်မှ ကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် CALDINA ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ဒသမ ၁၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၄ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားတွင် CALDINA မော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ယာဉ်ပေါ်တွင် ဝင်းထက်ဦး(ခ)ပိုးချည်လုံးနှင့် လတောင်နော်ဘောက်တို့ ၂ ဦး သယ်ဆောင်လာ သည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၃၀ တန်ဖိုးရှိ ဆပ်ပြာခွက် ၁၀၁၂ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၀ ဒသမ ၁၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသ ကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post