• Follow Us on

Home ပြည်ကြီးတံခွန်မြို့နယ်တွင် ကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိ

ပြည်ကြီးတံခွန်မြို့နယ်တွင် ကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ၇၁(C)လမ်းတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် TOYOTA PROBOX မော်တော်ယာဉ်နှင့် SUPER CUSTOM မော်တော်ယာဉ်တို့ ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ စိုးခိုင်၊ နန်းအေးဖောင်း၊ နန်းယိမ်းအွမ်နှင့် ထွန်းလင်းအောင်တို့ ၄ ဦးနှင့်အတူ SUPER CUSTOM ယာဉ်ပေါ်မှ ပလတ် စတစ်ဆပ်ပြာခွက် ၂,၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ဆ/၂ ရပ်ကွက်၊ ၇၁ လမ်းရှိ ထွန်းလင်းအောင် ငှားရမ်း နေထိုင်သည့် နေအိမ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၆,၄၉၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၆၄ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၈၆ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post