• Follow Us on
Latest News

Home ပြည်ခိုင်ဖြိုးပါတီထောက်ခံသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ပြည်ခိုင်ဖြိုးပါတီထောက်ခံသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ဇီးကုန်းကျေးရွာနှင့် ကမ္ဘားနီကျေးရွာကြားရှိ တာဘောင်လမ်း ပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သိရသည်။

 

သြဂုတ်လ ၆ ရက် နံနက် ၉:၄၅ အချိန်တွင် ဇီးကုန်းကျေးရွာတွင်ထားရှိသည့် မော်တော်ယာဉ်ကို ဦးသိန်းထွန်း မှာ သွားရောက်ယူစဉ် ဇီးကုန်းကျေးရွာနှင့် ကမ္ဘားနီကျေးရွာကြားရှိ တာဘောင်လမ်းမပေါ်တွင် PDF များမှ သေ နတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ ဦးသိန်းထွန်း၏ ခန္ဓာကိုယ်၌ ဘယ်ဘက်လက်မ၊ ဘယ်ဘက်လည်ပင်း၊ ညာဘက်မျက်လုံး၊ နှာခေါင်း၊ ဘယ်ဘက်ရင်အုံ၊ ရင်ညွန့်နှင့် ညာဘက်နံကြားတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၇) ချက်ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post