• Follow Us on

Home ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံ၏ လိုအပ်ချက်အရပေါ်ပေါက်လာရသည့်အဖွဲ့အစည်းကြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံ၏ လိုအပ်ချက်အရပေါ်ပေါက်လာရသည့်အဖွဲ့အစည်းကြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၃၀

 

ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံ၏လိုအပ်ချက်အရ ပေါ်ပေါက်လာရသည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ ကျင်းပပြုလုပ်သော ပါတီဝင်အသစ် (၁၄၁၃)ဦး၏ အဆိုပြုလွှာပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။

 

“မိမိတို့ ပြည်ခိုင်ဖြိုးပါတီဟာ ၁၉၉၃ခုနှစ်၊ အသင်းကာလ မှစ၍ မြန်မာ့နိုင်ငံရေးလမ်းကြောင်းမှာ ထဲထဲ ဝင်ဝင်ဆောင်ရွက်ခဲ့တာ  ၃၁နှစ်ကျော် ရှိပြီး သမိုင်းနောက်ခံအရ ခိုင်မာသောအဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်ကြောင်း”ဟု  ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်

 

ထို့နောက် ပါတီအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ရေရှည်ရည်မှန်းချက်၊ ရေတို (လတ်တလော) ရည်မှန်းချက်များအား ရှင်းလင်းပြောကြားကာ ပါတီဝင် တစ်ဦးလုပ်ဆောင်ရမည့်တာဝန်များအား ဆောင် ရွက်ကြရန် တာဝန်ပေးအပ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး ပါတီဝင်အသစ်များ၏ အဆိုပြုလွှာများအား သက်ဆိုင်ရာ ခရိုင်ပါတီဥက္ကဋ္ဌများက ပေးအပ်ရာ ပါတီဥက္ကဋ္ဌမှ လက်ခံခဲ့သည်။ ထို့နောက် ပါတီဝင်အသစ်များထဲမှ ပါတီသို့ ဝင်ရောက်ရခြင်းနှင့် ၎င်းတို့ သိရှိလိုသည့် အလုပ်အကိုင်အခွင့်အလမ်း၊ လုံခြုံရေးကိစ္စရပ်များအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန် လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပါတီဝင်အသစ် (၁၄၁၃)ဦး အဆိုပြုလွှာပေးအပ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးမှူး ဦးမောင်မြင့်၊  ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊  ဒေါက်တာအောင်မြတ်ဦး၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ဧရာဝတီတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ တိုင်းဒေသကြီး/ခရိုင်/မြိုနယ်အသီးသီးမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်အသစ် (၁၄၁၃)ဦး၊ လာ‌ရောက်လေ့လာသူများဖြင့် စုစုပေါင်းအင်အား (၁၆၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post