ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မန္တလေးတိုင်းအတွင်းရှိ အသင်းသားများ၊ ပါတီဝင်ဟောင်းများ၊ ဗ.ပ.ဆ သင်တန်းဆင်း များ၊ ပြင်ပလူငယ်များနှင့် တွေ့ဆုံ

PUBLISHED - November 13, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဝင်များ၊ ပါတီဝင်ဟောင်းများ၊ ဗ.ပ.ဆ သင်တန်းဆင်းများ၊ ပါတီဝန်းရံသူများ၊ ပြင်ပလူငယ်များ စုစုပေါင်း အင်အား (၄၀၀) ခန့်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မိမိတို့ပါတီသည် သမိုင်းကြောင်းအစဉ်အလာကောင်းမွန်စွာဖြင့် ပေါ် ပေါက်လာခဲ့သည့် ပါတီဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းခေါ်ဆောင်ပြီး ခေါင်းဆောင်မှု အတတ်ပညာနှင့်အတူ အစိမ်းရောင်စီမံချက်ရေးဆွဲထားရှိပြီး လူငယ်များ၏ အခန်းကဏ္ဍကို တိုးတက်ဖွံ့ဖြိုး အောင် ဆောင်ရွက်လျက်ရှိပါကြောင်း” နှင့် လက်ရှိဆောင်ရွက်နေသည့် ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း၊ အချိန် ကာလသတ်မှတ်၍ ဆောင်ရွက်နေသည့် ရက် ၉၀ စီမံချက်ပါ ကိစ္စရပ်များအား အကျယ်တဝံ့ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက ပါတီ၏လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအခြေအနေသတင်းအမှန်များ၊ ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်မှုအနေအထားများ၊ လူငယ်များအနေဖြင့် နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၎င်းတို့သိရှိလိုသည့်အချက်များအား မေး မြန်းကြရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတို့ ပြန်လည်ရှင်းလင်းဖြေ ကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်း၊ ခရိုင်၊ မြို့ နယ်အသီးသီးမှ ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
#PeopleMedia