• Follow Us on
Latest News

Home ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီ ၁၃ မှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီ ၁၃ မှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံ

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအသီးသီးမှ ဥက္ကဋ္ဌများ၊ နိုင်ငံရေးမိတ်ဆွေ များဖြင့် အလွတ်သဘောတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

 

တွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ လမ်း/တံတားများ မိုင်းခွဲဖျက်ဆီးမှု၊ စာသင်ကျောင်း၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှု၊ တာဝါတိုင်များ ဖောက်ခွဲ့ဖျက်ဆီးမှု၊ သယ်ယူပို့ဆောင်ရေးမော် တော်ယာဉ်များအား မိုင်းခွဲမီးရှို့ဖျက်ဆီးမှု၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးပြန်ပေးဆွဲမှု၊ အကြမ်းဖက်လုပ်ရပ် များကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးမှုအထောက်အကူပြု အခြေခံ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရမှု၊ ခြိမ်း‌ခြောက်ခံရ သော ပညာရေးကြောင့် လူငယ်များ၏အနာဂတ်ဘဝ ပျက်စီးခဲ့ရမှုတို့အပေါ် နိုင်ငံရေးအမြင်ဖြင့် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် နိုင်ငံရေးပါတီ ၁၃ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှု ဆောင်များ အသီးသီးတက်ရောက်ခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post