• Follow Us on
Latest News

Home ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ

Share this post

နေပြည်တော်၊ ဇူလိုင် ၈

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဇူလိုင်လ ၇ ရက်နေ့တွင် သံလွင်လမ်းရှိ ပါတီ ဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ ကျင်းပပြုလုပ်သည့် Three Seasons Foundation နှင့် လူမှုကူညီရေး အဖွဲ့အစည်း များမှ ဖွင့်လှစ်သင်ကြားလျက်ရှိသော ယဉ်ကျေးလိမ္မာ သင်တန်းများအတွက် (၃၈)ဖြာ ယဉ်ကျေးလိမ္မာ သင်ခန်းစာ စာအုပ်များနှင့် အလှူငွေများလှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌမှ အလှူငွေများနှင့် စာအုပ်စာတမ်းများအား ပေးအပ်လှူဒါန်းရာ Three Seasons Foundation ဥက္ကဋ္ဌနှင့် လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လှူဒါန်းရသည့်အကြောင်းနှင့် နိုင်ငံတော်အတွက် အရေးပါသည့် ကဏ္ဍတွင်ရှိသော NGO များ၏ အခန်းကဏ္ဍကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။

 

ထိုနောက် Three Seasons Foundation ဥက္ကဋ္ဌ ဦးနေရှိုင်းမှ ကျေးဇူးတင်စကားပြောကြားရာတွင် Foundation ဖွဲ့စည်းဖြစ်မှုနှင့် ဆောင်ရွက်ခဲ့သောလုပ်ငန်းများ၊ လတ်တလော ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော အဖွဲအစည်းအသီးသီးမှ တာဝန်ရှိသူများက ၎င်းတို့ဆောင်ရွက်နေသော လုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား အသီးသီး ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post