• Follow Us on
Latest News

Home ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့တို့ ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ ဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့တို့ ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ ဆွေးနွေး

Share this post

နေပြည်တော်၊ သြဂုတ် ၁၈

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင် ချစ်၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သူ၊ ဒေါက်တာမောင်သင်း၊ ဦးအေးလွင်တို့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုန်းဝန်း ယဉ်ကျေးမှုအဖွဲ့အား ပါတီဌာနချုပ်ညီလာခံခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက မုန်းဝန်းယဉ်ကျေးမှုသမိုင်းကြောင်း၊ နိုင်ငံ‌တော်ကာကွယ်ရေးတာဝန်များထမ်း ဆောင်စဉ် ရင်းနှီစွာဆုံဆည်းခဲ့ရသည့် ဖြစ်ရပ်များနှင့် ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ရင်းနှီးပွင့်လင်းစွာပြောကြားခဲ့သည်။

 

ထို့နောက် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်လွင်နှင့် မုန်းဝန်းယဉ်ကျေးမှုဇုံများမှ အဖွဲ့ခေါင်း ဆောင်များက လည်းဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြသည်။

 

၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များက ပါတီ၏ အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ကာ အမှတ် တရစုပေါင်းဓါတ်ပုံရိုက်ကူးပြီး တွေ့ဆုံပွဲကို နေ့လည် (၁၂) နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

 

#PeopleMedia


Share this post