ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံထဲ ဝင်ရောက်လာဖွယ်ရှိ
PUBLISHED - February 20, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံတွင်း နှစ်ကာလရှည်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံ တွင်းကို အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ထားကြောင်း ထိုင်းနို်င်ငံ လုပ်ငန်းရှင်များရဲ့ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (EconThai) က ပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ မြန်မာ့တပ်မတော်ခေါ် နစက အစိုးရဟာ အစိုးရဆန့်ကျင် နေတဲ့ အင်အားစုတွေကို ချေမှုန်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကတစ်ဆင့် ၎င်းရဲ့တပ်မတော်ကို အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေပါတယ်။
စစ်မှုထမ်းဥပဒေအတည်ပြုလိုက်ပြီးနောက် စစ်မှုမထမ်းချင်တဲ့ မြန်မာနိုင်ငံသားအများအပြားဟာ ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးလာကြပြီး အဲဒီလူငယ်တွေဟာ တရားမဝင်အလုပ်တွေမှာပဲ သောင်တင်နေကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီအခြေအနေတွေဟာ ထိုင်းနိုင်ငံရဲ့လုပ်သားဈေးကွက်ကို လာရောက်ထိခိုက်နိုင်တဲ့အတွက် ထိုင်းအစိုးရအ နေနဲ့ လုပ်ငန်းအခြေအနေတွေ/ မြန်မာနိုင်ငံသားတွေရဲ့ အလုပ်လျှောက်ထားမှုတွေလို လုပ်ငန်းနဲ့ဆက်နွယ်နေ တဲ့ကိစ္စတွေကို အထူးအလေးထားအာရုံစိုက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း EconThai အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌတာနစ် ဆိုရတ်က ပြောပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေနဲ့ ထိုင်းအစိုးရတို့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) အရ အိမ်နီး ချင်းနိုင်ငံတွေက နိုင်ငံသားတွေကို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ခွင့်ပြုထားပါတယ်။
ထိုင်းနိုင်ငံထဲမှာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ 3D ခေါ် ညစ်ပတ်တဲ့အလုပ်၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်နဲ့ အန္တရာယ်ရှိတဲ့ (dirty, difficult and dangerous jobs) အလုပ်မျိုးတွေလို အစေအပါးအလုပ်တွေကို ပုံမှန် လုပ်ကိုင်လေ့ရှိတဲ့ အိမ်နီးချင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံက မှီခိုအားထားနေရပါတယ်။ “စက်မှုလုပ်ငန်းတွေအများအပြားနဲ့ လယ်ယာလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ကျွန်တော်တို့ ရွှေ့ပြောင်းလုပ်သား တွေ လိုအပ်ပါတယ်။” လို့ မစ္စတာ တာနစ်က ပြောပါတယ်။
မြန်မာနိုင်ငံသားအလုပ်သမားတွေကို စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်း၊ ကား အစိတ်အပိုင်းတပ်ဆင်ရေးလုပ်ငန်း၊ တာယာထုတ်လုပ်ရေးလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ အထည်ချုပ်လုပ် ငန်း၊ သကြားထုတ်လုပ်ရေးလုပ်ငန်း၊ ရော်ဘာလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ခန့်အပ်ထား လေ့ရှိကြောင်း EconThai အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံသားအများစုဟာ ဘန်ကောက်၊ ဆမွတ်ဆခုန်ပြည်နယ်၊ ပတ်ထမ်ဌာနီပြည်နယ်နဲ့ နခုန်ပထုမ်ပြည် နယ်တို့မှာ အလုပ်လုပ်ကိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂.၃ သန်း ဝန်းကျင်ရှိပြီး အဲဒီအရေအတွက် ဟာ ထိုင်းနိုင်ငံထဲမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အိမ်နီးချင်းနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေထဲမှာ အများဆုံးဦးရေဖြစ်ကြောင်း သိရပါတယ်။
မြန်မာလုပ်သားအများအပြားဟာ နှစ်နိုင်ငံကြားက MoU အရ အလုပ်လာလုပ်တာရှိသလို ထိုင်းအစိုးရရဲ့ ခွင့်ပြု ချက်နဲ့ အလုပ်လုပ်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“အထက်ကပြောတဲ့ အရေအတွက်ဟာ တရားမဝင်အလုပ်လာလုပ်တဲ့ မြန်မာနိုင်ငံသားတွေ မပါသေးပါဘူး။ တရားမဝင် မြန်မာလုပ်သားတွေကိုပါ ထည့်သွင်းရေတွက်မယ်ဆိုရင် ထိုင်းနိုင်ငံထဲက မြန်မာလုပ်သားအရေအ တွက်ဟာ ၄ သန်းဝန်းကျင်ရှိပါတယ်။” လို့ မစ္စတာတာနစ်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေဟာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပြောင်းလဲဖို့လိုအပ်သလို နောက်ထပ် လော် ဂျစ်စတစ်ကုန်ကျစရိတ်တွေနဲ့လည်း ထပ်မံရင်ဆိုင်နေရတဲ့အတွက် မြန်မာနိုင်ငံထဲက နိုင်ငံရေးပဋိပက္ခတွေဟာ နယ်စပ်ကုန်သွယ်ရေးကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။
Ref: Conflict fuelling jobseekers
#PeopleMedia