ပြည်တွင်းတွင် ယခုတစ်ပတ်အတွင်း စားအုန်းဆီဈေးနူန်းမြင့်တတ်

PUBLISHED - January 22, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၂
ပြည်တွင်း၌ စားအုန်းဆီဈေးနူန်း ယခုတစ်ပတ်အတွင်း တစ်ပိဿာလျှင် ၅၂၇၅ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးဌာနမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနူန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၅၀ ဖြစ်ပြီး၊ ယနေ့ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွန်းဈေးနူန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၂၇၅ ဖြစ်သော ကြောင့် တစ်ပိဿာလျှင် ၂၅ ကျပ်ဈေးမြင့်ခဲ့ကြောင်း သိရသည်။
ထိုဈေးမြင့်တတ်ရခြင်းမှာ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖော က်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သို လှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Photo – Credit
#PeopleMedia