• Follow Us on
Latest News

Home ပြည်တွင်းထုတ် ပထမဦးဆုံးစစ်သင်္ဘောတွေနဲ့ ပထမဦးဆုံးမောင်းသူမဲ့ရေယာဉ် တူရကီရေတပ်လက်ခံရရှိ

ပြည်တွင်းထုတ် ပထမဦးဆုံးစစ်သင်္ဘောတွေနဲ့ ပထမဦးဆုံးမောင်းသူမဲ့ရေယာဉ် တူရကီရေတပ်လက်ခံရရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃

 

တူရကီရေတပ်ဟာ ပင်လယ်ပြင်ကင်းလှည့်တာဝန်တွေနဲ့ အီလက်ထရောနစ်စစ်ဆင်ရေးတာဝန်တွေထမ်း ဆောင်နိုင်ဖို့အတွက် မောင်းသူမဲ့ရေယာဉ်တစ်စင်းအပါအဝင် ခေတ်မီစစ်ရေယာဉ် ၄ စင်းကို လက်ခံရရှိခဲ့ ပါတယ်။

 

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာပြုလုပ်ခဲ့တဲ့ စစ်သင်္ဘောလွှဲပြောင်းလက်ခံပွဲ အခမ်းအနားမှာ ပထမဦး ဆုံးပြည်တွင်းထုတ်ဖြစ်တဲ့ TCG Istanbul အမည်ရှိ ဖရီးဂိတ်စစ်သင်္ဘောနဲ့ TCG Derya အမည်ရှိ တိုက်ခိုက်ရေး ထောက်ပံ့မှုသင်္ဘောတို့ကို ရေတပ်ကိုလွှဲပြောင်းပေးခဲ့ပါတယ်။

 

TCG Istanbul ဖရီးဂိတ်စစ်သင်္ဘောမှာ ခေတ်မီရေဒါစနစ်၊ တိုက်ခိုက်ရေးစီမံခန့်ခွဲမှုစနစ်နဲ့ အီလက်ထရောနစ် စစ်ဆင်ရေးစနစ်တို့ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် အဲဒီဖရီးဂိတ်စစ်သင်္ဘောမှာ ရန်သူ့ရေတပ်သင်္ဘောတွေကို ထိန်းချုပ်ပစ်ခတ်ဖို့အတွက် ဒေါင်လိုက်ပစ် ခတ်နိုင်တဲ့ MIDLAS ဒုံးကျည်စနစ်ကိုလည်းတပ်ဆင်ထားပါတယ်။

 

တပြိုင်တည်းမှာပဲ TCG Derya ထောက်ပံ့ရေးသင်္ဘောကလည်း တိုက်ခိုက်ရေးသင်္ဘောတွေအတွက် လိုအပ်တဲ့ လောင်စာဆီတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အချိန်ကိုက်/အမြန်ဆုံးဖြည့်တင်းပေးနိုင်ပါတယ်။

 

တူရကီရေတပ်ဟာ မကြာသေးခင်ကပဲ TCG Lt. Arif Ekmekçi လော်ဂျစ်စတစ်ထောက်ပံ့ရေးသင်္ဘောနဲ့ နိုင်ငံရဲ့ ပထမဦးဆုံးပြည်တွင်းထုတ် မောင်းသူမဲ့ရေယာဉ် (unmanned surface vessel – USV) တစ်စင်းကိုလည်း လက်ခံရရှိခဲ့ပါတယ်။

 

TCG Lt. Arif Ekmekçi လော်ဂျစ်စတစ်ထောက်ပံ့ရေးသင်္ဘောဟာ ရေတပ်စခန်းတွေမှာတာဝန်ကျနေတဲ့ တူရကီရေတပ်တပ်ဖွဲ့ဝင်တွေအတွက် လောင်စာဆီ၊ သောက်ရေသန့်နဲ့ စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးမယ့် သင်္ဘောဖြစ်ပါတယ်။

 

Marlin အမည်ရှိ မောင်းသူမဲ့ရေယာဉ် (USV) ကတော့ ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်း ထောက်တာဝန် (ISR) တွေကို ထမ်းဆောင်သွားဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။

 

တစ်နာရီကို ရေမိုင် ၃၆ မိုင်နှုန်းမောင်းနှင်နိုင်တဲ့ အဲဒီမောင်းသူမဲ့ရေယာဉ်ဟာ လှိုင်းလေပြင်းထန်တဲ့ပင်လယ်ပြင် ထဲမှာ စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နိုင်တယ်လို့ တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်က ပြောပါတယ်။

 

ဒီမောင်းသူမဲ့ရေယာဉ်မှာ ရေပြင်စစ်ပွဲနဲ့ အီလက်ထရောနစ်စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့ နည်းပညာတွေ ကိုလည်း တပ်ဆင်ထားတယ်လို့ဆိုပါတယ်။

 

“သာလွန်ခေတ်မီတဲ့စနစ်တွေတပ်ဆင်ထားတဲ့အတွက် Marlin မောင်းသူမဲ့ရေယာဉ်ဟာ မိမိတပ်ဖွဲ့ဝင်တွေအ တွက်ယုံကြည်မှုတွေပေးအပ်နိုင်သလို ရန်သူကို အကြောက်တရားတွေ ဖိစီးစေပြီး ပင်လယ်ပြင်မှာ ကျွန်တော်တို့ ရဲ့ အင်အားကြီးမားမှုကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။” လို့ အာဒိုဂန်က ပြောပါတယ်။

 

Ref: Turkish Navy Receives First Sea Drone, Indigenous Vessels

 

#PeopleMedia


Share this post