• Follow Us on

Home ပြည်တွင်းထုတ် CS/AH2 ၁၅၅ မမ အပေါ့စားဟောက်ဝစ်ဇာအမြောက် ထိုင်းတပ်မတော် အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့

ပြည်တွင်းထုတ် CS/AH2 ၁၅၅ မမ အပေါ့စားဟောက်ဝစ်ဇာအမြောက် ထိုင်းတပ်မတော် အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃၀

 

ထိုင်းနိုင်ငံပြည်တွင်းထုတ် CS/AH2 ၁၅၅ မမ အပေါ့စားဟောက်ဝစ်ဇာအမြောက်ကို အောင်မြင်စွာ စမ်းသပ်ပစ် ခတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးနည်းပညာအင်စတီကျု (Defense Technology Institute – DTI) က ကြေညာလိုက်ပါတယ်။

 

စမ်းသပ်ပစ်ခတ်မှုကို ထိုင်းနိုင်ငံအလယ်ပိုင်း ခီယိုဖူလန် အမြောက်ပစ်ကွင်းမှာ တော်ဝင်ထိုင်းကြည်းတပ်ရဲ့ ဗဟို အမြောက်တပ်နဲ့အတူ ပူးတွဲဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

စမ်းသပ်မှုအတွင်း အမြောက်ကျည် ၅ တောင့်ပစ်ခတ်ခဲ့ပြီး အမြောက်ကျည် ၃ တောင့်ကို ၁.၅ ကီလိုမီတာ (ဝ.၉ မိုင်) အကွာအဝေးမှာရှိတဲ့ တောင်ပေါ်ပစ်မှတ်ကို ပစ်ခတ်ခဲ့သလို အမြောက်ကျည် ၂ တောင့်ကို ၁၁.၄ ကီလိုမီ တာ (၇.၁ မိုင်) အကွာအဝေးမှာရှိတဲ့ မြေပြင်ပစ်မှတ်ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

CS/AH2 ၁၅၅ မမ ဟောက်ဝစ်ဇာအမြောက်ဟာ တောင်ပေါ်ပစ်မှတ်ရော မြေပြင်ပစ်မှတ်ကိုပါ ထိမှန်အောင်ပစ် ခတ်နိုင်ခဲ့တာမို့လို့ စမ်းသပ်ပစ်ခတ်မှုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးနည်းပညာအင်စတီ ကျု (DTI) ပြောပါတယ်။

 

ကျည်စစ်ကျည်မှန်နဲ့ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဒီပစ်ခတ်မှုကို ကာကွယ်ရေးနည်းပညာအင်စတီ ကျု (DTI) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဖော်ဖုန်မနီးရင်း၊ တော်ဝင်ထိုင်းအမြောက်တပ်ဖွဲ့ (RTA) ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးချူချတ်ဘူ ကော်နဲ့ ထိုင်းစစ်ဘက်ဆိုင်ရာတပ်မှူး ဗိုလ်မှူးချုပ် နတ်ဖာဆစ်ခေါင်ချင်ဆတ်သီတီတို့က ကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

တရုတ်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ပိုလီနည်းပညာကုမ္ပဏီက လွှဲပြောင်းပေးတဲ့ နည်းပညာတွေကို အသုံး ပြုပြီး ထိုင်းဘတ်ငွေ ၄၈ သန်း (ဒေါ်လာ ၁.၃ သန်း) အကုန်အကျခံကာ ပြည်တွင်းထုတ် CS/AH2 အမြောက် ထုတ်လုပ်နိုင်ဖို့အတွက် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ၂၀၂၁ ခုနှစ် စက် တင်ဘာလအတွင်းမှာ ကာကွယ်ရေးနည်းပညာအင်စတီကျု (DTI) က ကြေညာခဲ့ပါတယ်။

 

အခုလိုကြေညာလိုက်တာဟာ M-425 ၁၀၅ မမ ယာဉ်ဆွဲဟောက်ဝစ်ဇာအမြောက်၊ L119 ၁၀၅ မမ ယာဉ်ဆွဲ ဟောက်ဝစ်ဇာအမြောက်နဲ့ အီတလီထုတ် Mod 56 ၁၀၅ မမ ယာဉ်ဆွဲဟောက်ဝစ်ဇာအမြောက်တွေအပါအဝင် ထိုင်းနိုင်ငံရဲ့ ခေတ်ကုန်နေတဲ့ အမြောက်တွေကို အစားထိုးဖယ်ရှားတော့မှာဖြစ်ကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

 

ဒါဟာ ကာကွယ်ရေးစွမ်းရည်တွေမြှင်တင်သွားမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ ကတိကဝတ်တွေကို ထင်ဟပ်ပေါ်လွင် စေတဲ့ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။

 

CS/AH2 ၁၅၅ မမ ဟောက်ဝစ်ဇာအမြောက်မှာ ပစ်မှတ်ရှာဖွေဖို့အတွက် အင်နာရှားလမ်းညွှန်စနစ်တစ်ခုကို တပ် ဆင်ထားပါတယ်။ ဒါ့အပြင် လေတိုက်နှုန်းနဲ့ ကျည်သွားလမ်းကြောင်းကို ဆုံးဖြတ်ဖို့နဲ့ အမြောက်အကဲကြည့်ကို အထောက်အကူပြု ဖို့အတွက် “မြေပြင်အပူချိန်တိုင်းတာရေးစနစ်” တစ်ခုကိုလည်း တပ်ဆင်ထားပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံထုတ် CS/AH2 ၁၅၅ မမ ဟောက်ဝစ်ဇာအမြောက်မှာ ဒစ်ဂျစ်တယ်လ်ပစ်ခတ်ထိန်းသိမ်းမှု စနစ်တစ်ခုနဲ့ ဂြိုဟ်တုဆက်သွယ်ရေးပေါင်းစပ်ညှိနှိုင်းမှုစနစ်တစ်ခုကိုလည်း တပ်ဆင်ထားဖွယ်ရှိတယ်လို့ ဆိုပါ တယ်။

 

Ref: Thailand Trials New, Domestically-Made CS/AH2 Light Howitzer

 

#PeopleMedia


Share this post