• Follow Us on
Latest News

Home ပြည်တွင်းထုတ် Sky Sword II လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အများအပြား ထိုင်ဝမ်ထုတ်လုပ်မည်

ပြည်တွင်းထုတ် Sky Sword II လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အများအပြား ထိုင်ဝမ်ထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁

 

ထိုင်ဝမ်ကျွန်းနိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့ Sky Sword II တာတို/တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည်တွေကို အများအပြားစတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း The Defense Post မှာ ရေးသားထားပါတယ်။

 

ပထမအကြိမ်ဆန်းစစ်လေ့လာမှု မအောင်မြင်တဲ့အတွက် ဇူလိုင်လအတွင်း ဒုတိယအကြိမ်ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ပြီးနောက်မှာ အခုလိုကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ကြောင်း Liberty Times မီဒီယာက ပြော ပါတယ်။

 

လက်နက်စနစ်တစ်ခုမှာ CS/MYS-951 စစ်ဆင်ရေးကြီးကြပ်ကွပ်ကဲမှုစင်တာတစ်ခု၊ CS/MPQ-951 ရေဒါတစ်ခု နဲ့ ဒုံးကျည်ပစ်ခတ်ရေးယူနစ် လေးခုကနေ ငါးခုအထိ ပါဝင်ပြီး ထိုင်ဝမ်ကြည်းတပ်က လက်နက်စနစ် ခြောက်စုံ ဝယ်ယူဖို့ စီစဉ်ထားတယ်လို့ အမည်မဖော်လိုတဲ့ ကြည်းတပ်အရာရှိတစ်ဦးက Janes မီဒီယာကို ပြောပါတယ်။

 

ဒုံးကျည်ပစ်ခတ်ရေးယူနစ်တစ်ခုဟာ ဒုံးကျည် ၅ စင်းအထိ သယ်ဆောင်နိုင်ပြီး ယူနစ်တစ်ခုကို ထိုင်ဝမ်ဒေါ်လာ သန်း ၂၀ (ဒေါ်လာ ၆၃၈၀၀၀) ကျသင့်ကြောင်း သိရပါတယ်။

 

ထိုင်ဝမ်ဒေါ်လာ ၈.၈ ဘီလျံ (ဒေါ်လာ ၂၇၈ သန်း) အကုန်အကျခံဝယ်ယူမယ့် အစီအစဉ်အစိတ်အပိုင်းတစ်ရပ် အဖြစ် စုစုပေါင်း ဒုံးကျည်ပေါင်း ၂၄၆ စင်း ဝယ်ယူသွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းနဲ့ ခရုစ်ဒုံးကျည်တွေကို တန်ပြန်ပစ်ချနိုင်ဖို့အတွက် ထိုင်ဝမ် နိုင်ငံ ချန်းရှန်း အမျိုးသား သိပ္ပံနဲ့ နည်းပညာအင်စတီကျု (National Chung-Shan Institute of Science and Technology) က ဒီလေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

၁၅ ကီလိုမီတာ (၉.၃ မိုင်) အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒီလက်နက်စနစ်ကို အမေရိကန်ထုတ် Avenger လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့အတူ ယှဉ်တွဲပြီး တပ်ဖြန့်ချသွားမှာဖြစ်ပါတယ်။

 

Ref: Taiwan Begins Mass Production of Indigenous Air Defense System

 

#PeopleMedia


Share this post