• Follow Us on

Home ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ဆွေးနွေး

ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ဆွေးနွေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ထွင်ရေး လုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွား ရန် ယမန်နေ့က ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance ၏ ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှ နေ့စဉ်ရင်ဆိုင်ကြုံတွေ့ နေရသော လူမှုဒုက္ခမျိုးစုံအား သုံးသပ်ခဲ့ကြကာ လက်ငင်းနိုင်ငံရေးအကြပ်အတည်းမှ လွန်မြောက်နိုင်ရေး အတွက် ၂၀၂၅ ခုနှစ်အတွင်း  ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့် ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က လည်းကောင်း၊ သဘာပတိ(၂)အဖြစ် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက လည်းကောင်း ဆောင်ရွက် ခဲ့ပြီး၊ အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ Coordinator များ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post