ပြည်တွင်းရှိ စက်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘိလပ်မြေစက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရန် ကျောက်မီးသွေးများ ပြည်ပမှ တင်သွင်းခွင့်ပြုမည်

PUBLISHED - February 8, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၈
ပြည်တွင်းရှိ စက်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘိလပ်မြေစက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရန် ကျောက်မီးသွေးများ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ပြည်ပမှ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။
ယင်းအတွက်ကြောင့် လိုအပ်သော ဘိလပ်မြေစက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်များ လျှောက်ထားနိုင်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိလပ်မြေစက်ရုံ (၁၉)ရုံရှိပြီး အဆိုပါ စက်ရုံများမှ ဘိလပ်မြေများ ထုတ်လုပ်လျက်ရှိနေကြောင်း သိရသည်။
#PeopleMedia