• Follow Us on
Latest News

Home ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများပပျောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ယခုထိတိုင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်ကြောင်း တပ်ချုပ်ပြောကြား

ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများပပျောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ယခုထိတိုင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၁၁

 

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်ရန်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လွတ် လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများ ပပျောက်ပြီး ထာဝရငြိမ်း ချမ်းရေးရရှိရေးအတွက် ယခုထိတိုင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိ ကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် မဟာဘွဲ့လွန်သင်တန်းသားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများအား တက္ကသိုလ်အလိုက်ဘွဲ့နှင်းသဘင်ခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာ စကားပြောကြားသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်နှင့် တပ်မတော်အတွက် လိုအပ်ချက်ရှိသည့်အတွက် တပ်မ တော်ဆေးတက္ကသိုလ်ကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ဆေးဘက်ဆိုင်ရာ အရာရှိကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်သဖြင့် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာတတ် သည့် လူနေမှုပုံစံဖြစ်ရန်လိုကြောင်း၊ တိုက်တွန်းချက်၊ တားမြစ်ချက်များကို အသိ၊ သတိနှင့်ယှဉ်၍ လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသား တပ်မတော်အတွက် လိုအပ်သောလက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်” ဟူသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မ တော်တွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်ရန်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများ ပပျောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ယခုထိတိုင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ကျန်းမာရေးကောင်းမွန်မှုမရှိသူများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအရ ကုသမှုများ ဆောင်ရွက်ရာတွင် ဆေးတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆရာဝန်များအနေဖြင့် ကုသမှုများကိုဆောင်ရွက်ကြရပြီး သူနာပြုများ အနေဖြင့် ပြုစုကုသမှုများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လူတိုင်းသည် ကြင်နာမှုကိုလိုလားကြပြီး ကျန်းမာရေးမကောင်းသူများအနေဖြင့် ၎င်းတို့အားကြင်နာစွာဖြင့် ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည်ကို ပိုမိုလိုလားကြကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသားများအနေဖြင့် တစ်ဖက်သားအပေါ်တွင် ကြင်နာနွေးထွေးသည့် အသိစိတ်ရှိပြီးဖြစ်ကြောင်း၊ ထိုစိတ်အခြေခံအပေါ် အတတ် ပညာများဖြင့် ပေါင်းစပ်လိုက်သည့်အခါ၌ ကြင်နာမှုသည် ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သူနာပြုတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် လူနာများအပေါ် ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်၍ ကြင်နာစွာဖြင့် ပြုစုစောင့်ရှောက်သွားကြစေလိုကြောင်း၊ အခြေခံအားဖြင့် ရှိပြီးသားဖြစ်သည့် ကြင်နာတတ်သည့် အသိစိတ်နှင့် သင်ကြားပေးလိုက်သည့် ဆေးအတတ်ပညာများကို ပေါင်းစပ်အသုံးချ ဆောင်ရွက်သွားမည်ဆိုပါက သူနာပြုကောင်းများဖြစ်လာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ကမ္ဘာ့နိုင်ငံများရှိ ဆေးတက္က သိုလ်များအနက် အဆင့်တစ်ခုတွင်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သဖြင့် မိမိတို့တက်ရောက်နေရသည့် တက္ကသိုလ်အတွက် ဂုဏ်ယူကြရန်လိုကြောင်း၊ ယခင်ကသင်တန်းသားများကိုသာ ခေါ်ယူလေ့ကျင့်ပေး လျက်ရှိသော်လည်း လက်ရှိအချိန်တွင် အမျိုးသမီးသင်တန်းသူများကိုလည်း ခေါ်ယူလေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ ဆေးပညာရပ်သည် အရေးကြီးသည့် ဘာသာရပ်ဖြစ်သဖြင့် စနစ်တကျသင်ယူလေ့ လာကြရန် မှာကြားလိုကြောင်း၊ ထို့ပြင် အဆင့်မြင့်ဆေးပညာရပ်များကို သင်ယူလျက်ရှိသည့် မဟာ ဘွဲ့လွန်သင်တန်းသားများ အနေဖြင့်လည်း မိမိတို့သင်ယူနေရသည့် ဘာသာရပ်အလိုက် အလေးထား သင်ယူလေ့လာသွားကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့်ငွေကြေးအရင်းအနှီးများစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် ကြိုးစားအားထုတ်မှုအပြည့်ဖြင့် လေ့ကျင့် သင်ကြားကြရန်လိုကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post