• Follow Us on

Home ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆,၅၅၁) ဦးအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုမှ အတည်ပြု

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆,၅၅၁) ဦးအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုမှ အတည်ပြု

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏( ၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည် တွင်း၌ တစ်ရာ(ရာခိုင်နှုန်း) ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလပ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ရာဘာသစ်အချောထည်များ ထုတ်လုပ်၍ တစ်ရာ (ရာခိုင်နှုန်း) ပြည်ပတင်ပို့ ခြင်းလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော Carton Box များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ခြောက် ဒဿမ သုံးရာ ကိုးဆယ့်ကိုးသန်း (၆.၃၉၉) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၆,၅၅၁) ဦးအတွက် ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post