• Follow Us on

Home ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးမှ လှူဒါန်းငွေကျပ်သန်း ၅၀၀၀ ကျော်ထပ်မံရရှိ

ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးမှ လှူဒါန်းငွေကျပ်သန်း ၅၀၀၀ ကျော်ထပ်မံရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။

 

အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ပြည်ထောင်စုဝန်ကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်း မှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြော ကြားခဲ့သည်။

 

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ သည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တည်ဆောက်ခြင်းအတွက် ယမန်နေ့ တက်ရောက်လာကြသူများ၏ လှူဒါန်းမှုအနေဖြင့် ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးမှ လှူဒါန်းငွေ ၅ ဒသမ ၀၄ ဘီလီယံ (ငွေကျပ် သန်း ၅၀၀၀ ကျော်)၊ အမေရိကန်ဒေါ်လာ ၂၃၀၀၀ နှင့် ထိုင်းဘတ်ငွေ တစ်သိန်းတို့ဖြစ် ကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင် ကျောက်တုံး တော်ကြီးကို စတင်လှူဒါန်းသည်မှ အနေကဇာတင်လှူခြင်းမပြုမီအထိ လှူဒါန်းကုသိုလ်ပြုမှုများသည် ကုသိုလ်ကို အစပြုထူထောင်ကြသူ (Founder) များပင် ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းသည့် ကုသိုလ်မှာအများကုသိုလ်ပင် ဖြစ်ပါကြောင်း၊ မင်းတုန်းမင်းကြီး တည်ထားခဲ့သည့် ကုသိုလ်တော်ဘုရားကြီးရှိ ကျောက်စာများမှာ နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ ပျက်စီးယိုယွင်းမှုများ မရှိကြောင်း၊ အလားတူ ပုဂံရှိရှေးဟောင်း ဘုရားများသည်လည်း ယနေ့ထက်တိုင် တည်တံ့နေဆဲဖြစ်သည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးမှာ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့ခိုင်မြဲနေမည်ဖြစ်ပြီး မိမိတို့၏ နောက်လာနောက်သားများအဆက်ဆက်အထိ တည်ရှိနေမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ယခုပစ္စုပန် ကာလတွင် လှူဒါန်းခဲ့မှုများသည် မွန်မြတ်သည့် ကုသိုလ်များပင်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရ ဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ခဲ့ကြသည်။

 

#PeopleMedia


Share this post