ပြည်တွင်း၌ လူ (၉,၂၁၆) ဦး အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၂) ခု အတည်ပြု
PUBLISHED - September 1, 2023
နေပြည်တော်၊ စက်တင်ဘာ ၁
ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉,၂၁၆) ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၂) ခုအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ် (၃၀) ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်း ပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများသည် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော ကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁)ခုကို အတည်ပြုပေးခဲ့ရာ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် down and feather အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၂၀၅၄ ဒဿမ ၃၂၅) သန်းနှင့် အမေ ရိကန်ဒေါ်လာ ၁၄ ဒဿမ ၇၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉,၂၁၆) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ တိုးမြင့်မည့်လုပ်ငန်း (၁)ခု အပါ အဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၅) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးခဲ့ကြ သည်။
#PeopleMedia