ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ၁၇၀၀ ကျော်ဖန်တီးပေးနိုင်မည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုအား အတည်ပြု
PUBLISHED - December 29, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၁၂/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက်က ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၂ ခုကို အတည် ပြုပေးခဲ့ကြောင်း သိရသည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ် အထည်မျိုးစုံချုပ်လုပ်၍ ပြည်ပ သို့ ရာခိုင်နှုန်းပြည့် တင်ပို့ခြင်း လုပ်ငန်း၊ နိုင်ငံတကာအဆင့်မီ တန်ဖိုး မြှင့်ဆန် ထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်း ပြည်ပတင်ပို့မည့် ပဲအမျိုးမျိုး ကြိတ်ခဲသန့်စင် ထုတ်လုပ်ခြင်း လုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်းရောင်းချမည့် ဆောက် လုပ်ရေးလုပ်ငန်းသုံး ကျောက် အမျိုးမျိုး ကြိတ်ခွဲရောင်းချခြင်း လုပ်ငန်းနှင့် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မတည် ငွေရင်းပမာဏမှာ ကျပ် ၈၉၅၀ ဒသမ ၂၃၈ သန်းနှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၂၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၇၁၉ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia