• Follow Us on

Home ပြည်ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ပြည်ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

မိမိတို့ပြည်သူအားလုံး မျှော်မှန်းတောင့်တသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်မှ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောဆိုထား သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာ ယာဝပြောသည့် အနာဂတ်ကို ရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိကြောင်း၊ တိုင်း ပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဦးတည်ထားရှိပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သော ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ချမှတ်ထားရှိကြောင်း၊ ချမှတ်ထား သည့် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

မိမိတို့ပြည်သူအားလုံး မျှော်မှန်းတောင့်တသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်း ချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့ အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်လပ်ရေးရပြီးချိန်ကတည်းကစပြီး ယခုအချိန်ထိ ကချင်ပြည် နယ်အပါအဝင် အထူးသဖြင့်နယ်စပ်ဒေသ၊ တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှု မရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ လွတ်လပ်ရေး၏အရသာကို အပြည့်အဝမခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့သော အဖြစ်ဆိုးကို မိမိတို့၏လက်ထက်တွင် ချုပ်ငြိမ်း စေပြီး ထာဝရငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို တည်ဆောက်ပြီး အနာဂတ်အတွက် ကောင်း မွန်သည့်အမွေကို လွှဲပြောင်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း အသိပေးတိုက် တွန်း မှာကြားလိုကြောင်း ပြောသည်။

 

#PeopleMedia


Share this post