• Follow Us on
Latest News

Home ပြည်ထောင်စုဝန်ကြီး ၄ ဦးအပါအဝင် ၇ ဦးကို တာဝန်မှ အနားယူခွင့်ပြု

ပြည်ထောင်စုဝန်ကြီး ၄ ဦးအပါအဝင် ၇ ဦးကို တာဝန်မှ အနားယူခွင့်ပြု

Share this post

နေပြည်တော်၊ သြဂုတ် ၃

 

ပြည်ထောင်စုဝန်ကြီး ၄ ဦးအပါအဝင် ၇ ဦးကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက သတင်းထုတ်ပြန်လိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုတရားသူကြီး ချုပ် ဦးထွန်းထွန်းဦးအား ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်ပြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဦးကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေး အောင်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်တို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post