ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို အစားထိုးခန့်အပ်တာဝန်ပေး

PUBLISHED - August 4, 2023
နေပြည်တော်၊ သြဂုတ် ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို အစားထိုး ခန့်အပ်တာဝန်ပေးအပ် လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးအား ခန့်အပ်တာဝန်ပေးထားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ဒေါက်တာ ခင်နိုင်ဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်းအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးအောင်သော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစစ်အေး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးပေါ် လွင်စိန်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦးတို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ် ပြန်ထားသည်။
ထို့အပြင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်အဖြစ် ဒေါက်တာ ထိန်လင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဗိုလ်ဗိုလ်ကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဖြိုးဇော်စိုးတို့ကို တာဝန်ပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
#PeopleMedia