• Follow Us on

Home ပြည်ထဲရေးဝန်ကြီးဌာနမှာ “ဆရာ” မရှိ၊ “ညီအစ်ကိုမောင်နှမ” သာရှိကြောင်း ဝန်ကြီးသစ်အနုတင်ပြော

ပြည်ထဲရေးဝန်ကြီးဌာနမှာ “ဆရာ” မရှိ၊ “ညီအစ်ကိုမောင်နှမ” သာရှိကြောင်း ဝန်ကြီးသစ်အနုတင်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈

 

ထိုင်းပြည်ထဲရေးဝန်ကြီးသစ် အနုတင်ချန်ဗီရာကူလ်က ပြည်ထဲရေးဝန်ကြီးဌာနမှာ “ဆရာ” မရှိဘူး၊ “ညီအစ်ကို မောင်နှမတွေပဲရှိကြောင်း” စက်တင်ဘာလ ၇ ရက်နေ့ (ကြာသပတေးနေ့) က ပြောကြားလိုက်ပါတယ်။

 

ကြာသပတေးနေ့က ပြည်ထဲရေးဝန်ကြီးဌာနကို ပထမဦးဆုံးအကြိမ်အဖြစ်သွားရောက်စဉ် ပြည်ထဲရေးဝန်ကြီး အသစ်ဖြစ်တဲ့ အနုတင်ချန်ဗီရာကူလ်က အခုအချိန်ကစပြီး ပြည်ထဲရေးဝန်ကြီးဌာနက အရာထမ်း/အမှုထမ်းတွေ နဲ့ ညီအစ်ကိုမောင်နှမတွေလို အတူလက်တွဲအလုပ်လုပ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

 

“ကျွန်တော့်လက်ထက်မှာတော့ ဆရာ (master) ဆိုတဲ့စကားလုံးကို မကြားချင်ပါဘူး။” လို့ ရဲတပ်ဖွဲ့အတွင်း ဂျူ နီယာအရာရှိတွေက စီနီယာအရာရှိတွေကိုခေါ်ဝေါ်တဲ့ အလေ့အထကို ရည်ညွှန်းပြီး ၎င်းကပြောပါတယ်။

 

ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံရဲ့ဗျူရိုကရက်တစ်အဆန်ဆုံးနဲ့ ရာထူးကြီးငယ်ခွဲခြားမှုအရှိဆုံး အစိုးရအဖွဲ့အစည်းတွေထဲက အဖွဲ့အစည်းတစ်ခုအဖြစ် လူသိများပြီး ပြည်ထဲရေးဝန်ကြီးသစ် အနုတင်ချန်ဗီရာ ကူလ်က အဲဒီအစဉ်အလာကို ပြုပြင်ပြောင်းလဲချင်သူဖြစ်ပါတယ်။

 

တခြားအဆင့်တွေနဲ့မတူဘဲ စီနီယာတွေအတွက်သုံးစွဲတဲ့ ထိုင်းစကားလုံး “than” ဆိုတဲ့စကားလုံးကိုလည်း မ သုံးစွဲသင့်ဘူးလို့ အနုတင်က ပြောပါတယ်။

 

“ကျွန်တော်တို့ဟာ ပြည်သူကိုအလုပ်အကျွေးပြုဖို့ ဘုံရည်မှန်းချက်တစ်ခုတည်းနဲ့ ညီအစ်ကို မောင်နှမတွေနဲ့ဖွဲ့ စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။” လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်း/အမှုထမ်းတွေနဲ့ အစည်း အဝေးအပြီးမှာ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

 

ပြည်ထဲရေးဝန်ကြီးဌာနဟာ ဒေသအုပ်ချုပ်ရေး၊ ပြည်တွင်းလုံခြုံရေး၊ နိုင်ငံသားနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကိစ္စ တွေမှာ လုပ်ပိုင်ခွင့်ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ထိုင်းနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ဝန်ကြီးဌာနတွေထဲက ဝန်ကြီးဌာ နတစ်ခုဖြစ်ပါတယ်။

 

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံတစ်ဝန်းပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက်ကြီးကြပ်အုပ်ချုပ်ရ တဲ့ဌာနလည်း ဖြစ်ပါတယ်။

 

အနုတင်ကတော့ ၎င်းလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့အရေး အာရုံစိုက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

 

အသက် ၅၇ နှစ်အရွယ် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အနုတင်ချန်ဗီရာကူလ်ကို လက်တွေ့ ဆန်တဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ်လူသိများပါတယ်။

 

အနုတင်ဟာ ဆရက်သာညွန့်ပေါင်းအစိုးရရဲ့ အဓိကအဖွဲ့ဝင်ပါတီဖြစ်တဲ့ ဖုန်ဂျိုင်ထိုင်းပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက ပြည်သူ့ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူြုဖစ်ပါတယ်။

 

အနုတင်ကျန်မားရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ် ထင်ရှားခဲ့တဲ့အလုပ်တွေထဲက တစ်ခုကတော့ နိုင်ငံတစ် ဝန်း လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ၎င်းရဲ့ကိုယ်ပိုင်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ပေးပြီး ကျန်းမာရေး အဖွဲ့တွေကို ထောက်ပံ့ကူညီခဲ့တာပဲဖြစ်ပါတယ်။

 

Ref: Anutin tells officials “no more masters, only brothers and sisters”

 

#PeopleMedia


Share this post