ပြည်ပနိုင်ငံကို တရားမဝင်ငွေကြေးလွှဲပြောင်းမှုနဲ့ ဗီယက်နမ်အမျိုးသမီး အိမ်ခြံမြေလုပ်ငန်းရှင်ကို သေဒဏ်ချမှတ်
PUBLISHED - June 6, 2024
နိုင်ငံတကာ၊ ဇွန် ၆
ဗီယက်နမ်နိုင်ငံက အိမ်ခြံမြေသူဌေးကြီး တျူးမီလန်းကို နိုင်ငံတွင်းအကြီးမားဆုံး ငွေကြေးလိမ်လည်မှုအဖြစ် ပြည်ပနိုင်ငံကို တရားမဝင်ငွေကြေးအမြောက်အမြား လွှဲပြောင်းခဲ့မှုနဲ့ သေဒဏ်ချမှတ်လိုက်ကြောင်း အစိုးရ မီဒီယာတွေက ကြာသပတေးနေ့ (ဇွန်လ ၆ ရက်နေ့) မှာ ဖော်ပြလိုက်ပါတယ်။
အိမ်ခြံမြေသူဌေးကြီး တျူးမီလန်းဟာ ပြည်ပနိုင်ငံကို ဒေါ်လာ ၄.၅ ဘီလျံ လွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။ တရားမဝင်ငွေကြေးလွှဲပြောင်းမှုနဲ့ ငွေကြေးခဝါချမှုတို့ကို စုံစမ်းစစ်ဆေးပြီးဖြစ်ကြောင်း နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ က ပြောပေမဲ့ အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။
လန်းဟာ ဒေါ်လာ ၁.၅ ဘီလျံကို ဗီယက်နမ်နိုင်ငံ ပြင်ပကို လွှဲပြောင်းပေးလိုက်ပြီး ဒေါ်လာ ၃ ဘီလျံကို အဲဒီ ပြည်ပနိုင်ငံကိုသယ်ဆောင်သွားတယ်လို့ အစိုးရမီဒီယာက ကြာသပတေးနေ့က ပြောပါတယ်။
ဒါပေမဲ့ အဲဒီငွေတွေ ဘယ်ကရတယ်ဆိုတဲ့သတင်းရင်းမြစ်နဲ့ အဲဒီငွေတွေကို ဘယ်နိုင်ငံကို သယ်ဆောင်သွား တယ်ဆိုတာကိုတော့ အစိုးရမီဒီယာတွေက ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမရှိပါဘူး။
ဆိုင်ဂုံပူးတွဲစတော့စီးပွားရေးဘဏ် (SCB) က ဒေါ်လာ ၁၂ ဘီလျံကို ကျော်ကိုခိုးထုတ်ရာမှာ ၎င်းပါဝင်ခဲ့တဲ့အ ခန်းကဏ္ဍအတွက် လန်းကို ဧပြီလအတွင်းက တရားရုံးတစ်ရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
ငွေချေးယူတဲ့ရှယ်ယာရှင်တွေကို အဲဒီလောက်ငွေပမာဏကြီးကြီးမားမားတွေ ထုတ်မပေးဖို့ ဥပဒေနဲ့ တင်းကျပ် စွာပိတ်ပင်တားမြစ်ထားတဲ့ကြားထဲက ကြားခံပုဂ္ဂိုလ်တွေကို အသုံးပြုပြီး လန်းက အဲဒီငွေကြေးသယ်ဆောင်တဲ့ ကိစ္စကို ကိုင်တွယ်ဆောင်ရွက်သွားတာလို့ ဆိုပါတယ်။
ဆိုင်ဂုံပူးတွဲစတော့စီးပွားရေးဘဏ် (SCB) က တစ်စုံတရာမှတ်ချက်ပြုပြောကြားခြင်းမရှိသလို လန်းရဲ့ ဥပဒေ အကျိုးဆောင်တွေကိုလည်း မေးမြန်းခွင့်မရခဲ့ပါဘူး။
လန်းဟာ ၎င်းနဲ့ ၎င်းရဲ့ကြံရာပါတွေ ဆိုင်ဂုံပူးတွဲစတော့စီးပွားရေးဘဏ် (SCB) က ခိုးထုတ်ခဲ့တဲ့ ငွေကြေးတွေ အပါအဝင် ဗီယက်နမ်ဒေါင်ငွေ ၄၄၅.၇ ထရီလီယန်ကိုလည်း ငွေကြေးခဝါချခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
Ref: Vietnam tycoon on death row illegally moved money overseas: Reuters
#PeopleMedia