ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့မသိမသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ် ရေးကိုဆုံးရှုံးခြင်းပင်ဖြစ်ဟု တပ်ချုပ်ပြောကြား
PUBLISHED - September 11, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၁
ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိ မသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် မိမိတို့နိုင်ငံ၏ လွတ် လပ်ရေးကို ဆုံးရှုံးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့်ပတ်သက်၍ ခွဲဝေပေး ထားပြီးဖြစ်သဖြင့် တိုင်းရင်းသားရေးနှင့် ပတ်သက်၍ ခွဲခြားမှုမရှိသည်ကို တွေ့မြင်နိုင်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်း အတိအကျပြဌာန်းထား ရှိပြီးဖြစ်သဖြင့် ဘာသာရေးကို အကြောင်းပြ၍ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမို ကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ အားလုံးပါဝင်ရောက်ရှိလာရန်နှင့် မိမိတို့၏ လိုလားချက်များနှင့် အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တင်ပြတောင်းဆိုကြရန်လိုကြောင်း ပြောသည်။
မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် လူပုဂ္ဂိုလ်ဦးစားပေး၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံအတွက် မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ပေါ် ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာများတွင် ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များကိုခံယူ ၍ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိ မသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကို ဆုံးရှုံး ခြင်း ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ သဟဇာတဖြစ်နေရန် လိုအပ်သော်လည်း ဩဇာခံဖြစ်၍မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့ နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းများကောက်ယူခြင်း လုပ်ငန်းများကိုဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခုအခါ လူဦးရေစာရင်းများ ကြိုတင်ကောက်ယူခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal)ဟူသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ပုဒ်အတိုင်း ပိုမို ကောင်းမွန်သည့် နိုင်ငံတော်နှင့်လူမှုစီးပွားဘဝကို တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
#PeopleMedia