• Follow Us on

Home ပြည်ပသို့ ဝါများကိုရောင်းချမည့်အစား ပြည်တွင်း၌လိုအပ်လျက်ရှိသည့် အဆင့်မီချည်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

ပြည်ပသို့ ဝါများကိုရောင်းချမည့်အစား ပြည်တွင်း၌လိုအပ်လျက်ရှိသည့် အဆင့်မီချည်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၁၉

 

ပြည်ပသို့ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် အဆင့်မီချည်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ဇွန်လ ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

 

“ပြည်ပကို ဝါတွေ ရောင်းချမယ့်အစား ပြည်တွင်းမှာ လိုအပ်လျက်ရှိတဲ့ အဆင့်မီချည်တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိမိတိုအနေနဲ့ ခြင်ထောင်၊ စောင်၊ အိပ်ယာခင်းအပါအဝင် အခြေခံ ချည်ထည်အမျိုးမျိုးကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီ ဖြစ်တာကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီ အောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေဖို ဆောင်ရွက်ရမှာဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့်အရည်အသွေးမြင့် ချည်ထည်နှင့် ပိတ်များ ထုတ်လုပ်နိုင်ရေး ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြား သည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးပြီး ချည်ထည်များ၏ အရည်အသွေးအား ဆက်လက်ထိန်းသိမ်းသွားရန်၊ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ တိုးမြှင့်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲဝင်များသည် အရည်အသွေးမြင့်ချည်များ ထုတ်လုပ်နိုင်မည့် ချည်ငင်စက်ရုံနှင့် ဆေးဆိုးစက်ရုံ တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ ရောက်ရှိကြပြီး စက်ရုံများ တည်ဆောက်ပြီးစီးမှုနှင့် စက်ကိရိယာများ တပ်ဆင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စက်ရုံမှူးနှင့် စက်ရုံတည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံခြားသားပညာရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post