ပြည်မြို့တွင် ခရိုင်ကြက်ခြေနီရုံး၌ သိမ်းဆည်းထားသည့် ပစ္စည်းများအားခိုးယူသူများကို ဖမ်းဆီးရမိ
PUBLISHED - January 19, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ ခရိုင်ကြက်ခြေနီအဖွဲ့၏ သိုလှောင်ရုံမှ ထောက်ပံ့ ပစ္စည်းများကို ခိုးယူသူများ နှင့် ရောင်းချပေးသူများကို ပြည်မြို့မရဲစခန်းမှ ဖမ်းဆီးရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ ခရိုင်ကြက်ခြေနီအဖွဲ့၏ သိုလှောင်ရုံတွင် ထောက်ပံ့ပစ္စည်းများ ပျေက်ဆုံး မှုနှင့်ပတ်သက်ပြီး ပြည်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးမှ ပြည် မြို့မရဲစခန်းသို့ တိုင်တန်းသောကြောင့် ထိုရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထိုခရိုင်ကြက်ခြေနီရုံး၌ အစောင့်သန့်ရှင်းရေး လုပ်ကိုင်ဖူးသည့် အမျိုးသားအားစစ်ဆေးရာတွင် ၎င်း၏ညီဖြစ်သူနှင့်အတူ ပစ္စည်းများအား ခိုးယူခဲ့ကြောင်း ထွက်ဆိုဝန်ခံခဲ့သည်။
ထိုခိုးယူ၍ ရရှိသည့်ပစ္စည်းများကို ခေတ္တရာနယ်မြေ၊ အေးမြသာယာရပ်ကွက်တွင်နေထိုင်သည့် အောင်အောင် ဦး၊ ဒေါ်ဝင်းမြတ်(ခ)ဖြူဖြူနှင့် ဒေါ်ချိုချိုလှိုင်တို့မှ သက်သေခံပစ္စည်းများကို ရောင်းချသောကြောင့် ၎င်းတို့ကို လည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia