ပြည်မြို့တွင် အမျိုးသား ၃ ဦး မြစ်ထဲရေဆင်းချိုးရာမှ ၁ ဦး ရေနစ်သေဆုံး
PUBLISHED - November 9, 2023
ရန်ကုန်၊ နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကမ်းနားလမ်းအနီး ဘောတံတားအောက်တွင် ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အမျိုးသား ၃ ဦး မြစ်ထဲရေဆင်းချိုးရာမှ အမျိုးသား ၁ ဦး ရေနစ်သေဆုံးကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(ပြည်)မှ သိရသည်။
နိုဝင်ဘာလ ၈ ရက် နေ့လည် ၁ နာရီအချိန်ခန့်တွင် ပြည်မြို့၊ ကမ်းနားလမ်းပန်းခြံအနီး ဘောတံတားတွင် အမျိုး သား ၃ ဦး ဧရာဝတီမြစ်ထဲရေဆင်းချိုးရာမှ အမျိုးသား ၁ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ပျောက်ဆုံးနေသည့် အမျိုး သား အလောင်းအား ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် အသက် ၄၀ နှစ်ဝန်းကျင်ရှိကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
#PeopleMedia