ပြည်မြို့နယ်တွင် PDF သတ်ဖြတ်မှုကြောင့် လူ (၃) ဦး သေဆုံး
PUBLISHED - January 10, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရေကြည်ကုန်းကျေးရွာနှင့် မြို့လှကျေးရွာတို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပြည်မြို့နယ်၊ ရေကြည်ကုန်းကျေးရွာနေ ဦးဇော်မင်းဦး(ခ)ဦးချစ်ကို(ခ)ချက်ဖောင်း (၄၀)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဇာဖြူနှင်း (၃၀)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး ခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ပြည်မြို့နယ်၊ မြို့လှကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအောင်နိုင်ဦး (၅၀) နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီး ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia