ပြည်သူကို စစ်စည်းရုံးဖို့အစီအစဉ်တွေ ကြေညာသွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်ပြော

PUBLISHED - March 17, 2025
နိုင်ငံတကာ၊ မတ် ၁၇
စစ်မှုထမ်းဥပဒေကို ပြန်လည်ကျင့်သုံးဖို့ စဉ်းစားမှာ မဟုတ်ပေမဲ့ ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်လာခဲ့ရင် လူထုကို စစ်စည်းရုံးသွားမှာဖြစ်ပြီး လာမယ့်သီတင်းပတ်တွေအတွင်း ကြေညာသွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က မတ်လ ၁၅ ရက်နေ့ (စနေနေ့) က ပြောကြားလိုက်ပါတယ်။
စစ်မှုမထမ်းမနေရစနစ်ပြန်လည်ကျင့်သုံးဖို့ဆိုတာ ဖြစ်နိုင်တဲ့နည်းလမ်းတစ်ရပ်မဟုတ်ကြောင်း ဒေသတွင်း သတင်းစာ တွေကို သောကြာနေ့က ပြောကြားခဲ့တဲ့ မက်ခရွန်စကားကို စနေနေ့မှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်ကျင့်သုံးဖို့ ပြင်သစ်နိုင်ငံမှာ အစီအစဉ်မရှိတော့ကြောင်း ၎င်း က ပြောပါတယ်။
“အရပ်သားတွေကို စစ်စည်းရုံးမယ့်နည်းလမ်းတွေကို ကျွန်တော်တို့ စဉ်းစားသွားမှာဖြစ်ပါတယ်။ အကျပ်အ တည်းတွေ ရင်ဆိုင်လာရချိန်မှာ လူထုစည်းရုံးမှုကို တညီတညွတ်တည်း လုပ်ဆောင်သွားချင်ပါတယ်” လိုှု့ မက်ခရွန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားကျူးကျော်စစ်နဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာ မိမိတို့ကာကွယ်ရေးမြှင့်တင်ဖို့အတွက် စစ်မှုမထမ်းမနေရစနစ်ကို ပြန် လည်ကျင့်သုံးရေး ပြင်သစ်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေမှာ ဆွေးနွေးငြင်းခုန်နေကြပါတယ်။
ဥရောပအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ဆောင်ရွက်ရမှာဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက် ပြီးနောက် နေတိုးအဖွဲ့အင်အားတိုးမြှင့်ရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရ စစ်မှုမထမ်းမနေရစနစ် ပြန်လည်ကျင့်သုံးရေးကို ပြင်သစ်ပြည်သူ ၆၁% က ထောက်ခံခဲ့ပါတယ်။
၂၀၁၇ ခုနှစ် သမ္မတမဲဆွယ်ပွဲကာလမှာ မက်ခရွန်က “တစ်လစစ်မှုထမ်းဥပဒေ” ကို ကျင့်သုံးဖို့ ပြောဆိုခဲ့ပေမဲ့ ပြင်သစ် ကြည်းတပ်က စိတ်မဝင်စားခဲ့ပါဘူး။
ပြင်သစ်လူငယ်တွေ တပ်မတော်ထဲဝင်ရောက်ဖို့အတွက် တိုက်တွန်းအားပေးနိုင်မယ့်နည်းလမ်းတွေကို မက်ခရွန်ဟာ တောက်လျှောက်ရှာဖွေနေခဲ့ပါတယ်။
အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် တပ်မတော်ကို အင်အားဖြည့်တင်းဖို့အတွက် လူငယ်တွေ မိမိသဘောဆန္ဒအ လျောက် စစ်ထဲဝင်လာအောင် ဘယ်လိုစည်းရုံးမလဲဆိုတာနဲ့ ပတ်သက်ပြီး မေလမတိုင်ခင် အဆိုပြုလွှာတွေ တင်ပြ သွားဖို့ အစိုးရအဖွဲ့နဲ့ ကြည်းတပ်ကို ဇန်နဝါရီလမှာ မက်ခရွန်က ညွှန်ကြားခဲ့ပါတယ်။
အနည်းဆုံး တစ်နှစ်ကို ကျား/မ ၅၀၀၀၀ ထက်မနည်း နှစ်စဉ် လေ့ကျင့်သင်ကြားပေးနိုင်မယ့် ဆန္ဒအလျောက် စစ်မှုထမ်း ဆောင်ခြင်းအစီအစဉ်တစ်ရပ်ကို ဖန်တီးဖို့ ဝန်ကြီးချုပ်ဟောင်း အက်ဒဝပ်ဖိလစ်က Le Figaro သတင်းစာကို ပြောပါ တယ်။
ကာကွယ်ရေးဝန်ကြီး ဆီဘာစတိန်းလီကော်နျူကတော့ အရန်တပ်ဖွဲ့ဝင်အင်အား ၁၀၀၀၀၀ အထိ တိုးမြှင့်ထားဖို့ အကြံ ပေးထားပါတယ်။
Ref: Macron Says Will Announce Plans to ‘Mobilize Civilians’
#PeopleMedia