• Follow Us on

Home ပြည်သူကို သေနတ်နဲ့ချိန်ခဲ့တဲ့ ထိုင်းစစ်သား အချုပ် ၂၁ ရက်နဲ့ စစ်သက်ဖြတ်တောက်ခံရခြင်းအပါအဝင် တခြား ပြစ်ဒဏ်တွေ ချမှတ်ခံရ

ပြည်သူကို သေနတ်နဲ့ချိန်ခဲ့တဲ့ ထိုင်းစစ်သား အချုပ် ၂၁ ရက်နဲ့ စစ်သက်ဖြတ်တောက်ခံရခြင်းအပါအဝင် တခြား ပြစ်ဒဏ်တွေ ချမှတ်ခံရ

Share this post

နိုင်ငံတကာ၊ မတ် ၁၈

 

ယာဉ်မောင်းပြည်သူတစ်ဦးကို သေနတ်နဲ့ ထုတ်ချိန်ခဲ့တဲ့အတွက် ထိုင်းစစ်သားတစ်ဦးဟာ အချုပ် ၂၁ ရက် ကျခံ ရမှာဖြစ်သလို တခြားပြစ်ဒဏ်တွေလည်း ချမှတ်ခံရမှာဖြစ်ကြောင်း တော်ဝင်ထိုင်းတပ်မတော်က ပြောကြားလိုက် ပါတယ်။

 

“တိုက်ရမှ နေပျော်မှာ” Facebook ပေ့ဂျ်မှာ ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့က ဗီဒီယိုဖိုင်တစ်ခုတင်လိုက်ပြီး နောက် တနင်္ဂနွေနေ့ (မတ်လ ၁၇ ရက်နေ့) မှာ အခုကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဗီဒီယိုဖိုင်ထဲမှာ ကားအတင်းကျော်တက်တဲ့အတွက် ယာဉ်မောင်းတစ်ဦးကို စစ်သားတစ်ဦးက သေနတ်ထုတ်ချိန် နေတဲ့ပုံကို မြင်နေရတယ်လို့ ဆိုပါတယ်။

 

အဲဒီဖြစ်စဉ်ဟာ အဝေးပြေးလမ်းမကြီးတစ်နေရာဖြစ်ပျက်ခဲ့တာလို့ ယူဆနေကြပေမဲ့ ပေ့ဂျ်မှာတော့ ဖြစ်စဉ်ဖြစ် ပွားခဲ့တဲ့နေရာကို ဖော်ပြမထားပါဘူး။

 

အခင်းဖြစ်စဉ်မှာပါဝင်တဲ့ စစ်သည်ကို ဖမ်းချုပ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ရပ်ဖွဲ့စည်းသွားဖို့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်းဝတ်နန်းပက်ဒီးက စနေနေ့ (မတ်လ ၁၆ ရက်နေ့) က ညွှန်ကြားခဲ့ပါတယ်။

 

အဲဒီစစ်သည်ဟာ အထက်အမိန့်ကို မနာခံမှု၊ ပြည်သူအပေါ်ပြုကျင့်ရမယ့်ကျင့်ဝတ်တွေကို မလိုက်နာမှု၊ ရိုင်းစိုင်း တဲ့စကားလုံးတွေ သုံးစွဲမှု၊ ပြည်သူကို ခြိမ်းခြောက်မှု၊ တပ်မတော်ပုံရိပ်ကို ထိခိုက်ပျက်ပြားအောင်ဆောင်ရွက်မှု တို့အပါအဝင် စစ်စည်းကမ်းတချို့ကို ချိုးဖောက်ခဲ့ကြောင်း ထိုင်းတပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး တီးရာပေါင်ပတ္တမာဆင်းနာအယုတ္ထယက ပြောပါတယ်။

 

လောလောဆယ် အဲဒီစစ်သည်ကို အချုပ် ၂၁ ရက် ချမှတ်ခြင်း၊ စစ်မှုထမ်းသက် တစ်နှစ်ဖြတ်တောက်ခြင်း၊ စည်း ကမ်းထိန်းသိမ်းရေးသင်တန်း ၁၅ ရက် တက်ရောက်စေခြင်း၊ လက်နက်ကိုင်ဆောင်ခွင့်မပြုခြင်း စတဲ့ ပြစ်ဒဏ် တွေကို ချမှတ်ထားပါတယ်။

 

အဲဒီစစ်သည်ဟာ ၎င်းရဲ့အမှားကို ဝန်ခံခဲ့ပြီး သက်ဆိုင်ရာယာဉ်မောင်းပြည်သူကိုလည်း ပြန်လည်တောင်းပန်ခဲ့ ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး တီးရာပေါင်က ပြောပါတယ်။

 

“တပ်မတော်အနေနဲ့ ဒီအဖြစ်အပျက်ကို အမြန်စုံစမ်းစစ်ဆေးပြီး တရားမျှတစွာ ဆုံးဖြတ်ခဲ့ပါတယ်။ နောင်အလား တူအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် မိမိတို့လက်အောက်က တပ်ဖွဲ့ဝင်တွေရဲ့ အမူအကျင့်တွေနဲ့ စည်းကမ်းလိုက်နာမှုတွေကို စောင့်ကြည့်စစ်ဆေးသွားဖို့ တပ်မှူးအားလုံးကို ညွှန်ကြားထားပါတယ်။” လို့ ဒုတိယ ဗိုလ်ချုပ်ကြီး တီးရာပေါင်က ပြောပါတယ်။

 

Ref: Soldier faces 21 days detention, other punishment for threatening driver

 

#PeopleMedia


Share this post