ပြည်သူများအနေဖြင့် ဘဏ်များမှငွေများကိုလိုသည်ထက်ပိုမိုထုတ်ယူခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည် မည်သည့်နေရာတွင်သုံးစွဲသည်စသည့်သံသယဖြစ်ဖွယ်အခြေအနေများအတွက် တာဝန်ရှိ သူများ၏ စောင့်ကြည့်ခြင်းကိုခံရနိုင်

PUBLISHED - November 21, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၁
ပြည်သူများအနေဖြင့် ဘဏ်များမှ ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့်နေရာတွင် သုံးစွဲသည် စသည့် သံသယဖြစ်ဖွယ် အခြေအနေများအတွက် တာဝန်ရှိ သူများ၏ စောင့်ကြည့်ခြင်းကို လည်းခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။
နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရ သည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါသတင်းများကို ဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် Core Banking System အသုံးပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွား ပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့် အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ဘဏ်များသည် သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကောလာဟလများကို ယုံကြည်ပြီး ဘဏ်များမှ ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ငွေများ ဆုံးရှုံးနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ပါ သည်။ ထို့အပြင် ဘဏ်များ၏ ပြင်ပတွင် ငွေသားများ လိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ဘဏ်များတွင် ငွေသားများ အလုံအလောက်ရှိနေပြီး ဗဟိုဘဏ်ကလည်း ဘဏ် အသီးသီးထံသို့ ငွေသားများ ပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထားရှိသည့်အတွက် ပြည်သူများအနေဖြင့် ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်းမပြုဘဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ပုံမှန်အခြေအနေအတိုင်း ရယူသုံးစွဲကြပါရန် နစကမှ အသိပေးသတင်းထုတ်ပြန်ထားသည်။
Photo – Credit
#PeopleMedia